Sunday, March 22, 2009

ဂိုးဒင်းမိုင်းသို့ အလည်တစ်ခေါက်

ဒီကိုရောက်နေတာ တစ်နှစ်ကျော်နေပြီ ဂိုးဒင်းမိုင်းကို တခါမှမရောက်ဖူးပါ။ ဒါ ပထမဦးဆုံးအကြိမ်ရောက်
ဖူးခြင်းပါ။ အသိအစ်မလင်မယားနဲ့ ချိန်းပြီးသွားကြတယ်။ အိုး....... Thai Supermarket ထဲလဲဝင်လိုက်ရော အသီးအရွက်တန်းကို အရင်သွားကြည့်လိုက်တယ်။ ကိုယ်စားချင်တာ ဘာတွေရှိမလဲလို့။ တွေ့တွေ့သမျှတော့ ၀ယ်ချင်စရာကြီးပဲ။ လိုချင်တာအကုန်ဝယ်လို့လဲ ဖြစ်သေးဘူးလေ။ ပိုက်ပိုက်အခြေအနေလဲ ကြည့်ရသေးတာကိုး။ ဒါနဲ့ ဟိုကြည့်ဒီကြည့်ပြီး နည်းနည်းပဲ ၀ယ်လာခဲ့ပါ တော့တယ်။ ၀ယ်စရာလေးတွေ ၀ယ်ပြီးတော့ မိုးကောင်းသူရဲ့ ခြေထောက်များက စားမယ့်ဆိုင်တွေဆီသို့ ခြေလှမ်းများက ဦးတည်ပြီးသွားနေလေရဲ့။ ဟဲဟဲ အစားအသောက်မီးလိုသောက် ဆိုတဲ့ စကားပုံတောင်ရှိတာကိုး။ နော်



ယိုးဒယားမုန့်ဟင်းခါး (အရည်သုံးမျိုး လေးမျိုးထဲမှ အစပ်ဆုံးဆိုတာကို ပေးပါလို့ပြောတော့ မျှစ်ပါတဲ့အရည်ကဒီနေ့မရဘူးပါတဲ့။ ဒါနဲ့ ဒုတိယအစပ်ဆုံးအရည်နဲ့စားခဲ့ပါတယ်။ မုန့်ဟင်းခါးပန်းကန်လဲချပေးတာနဲ့ ကျွန်မလဲ ရှိသမျှအရွက်အကုန်ထည့်လိုက်တယ်။ မိုးကောင်းသူတို့က အရင်ဆုံးမမြည်းကြည့်ပဲ လျှာကရှည်ပြီး ငရုတ်သီးမှုန့်လေးပါ တခါတည်းထည့်လိုက်တယ်။ အမယ်လေး ဘယ်ပြောကောင်းလိမ့်မလဲ အစပ်ကြိုက်ပါတယ်ဆို့တဲ့ မိုးကောင်းသူတော့ အာပူ၊ လျှာပူရုံတင်မက နှာရည်တွေကောထွက်ပြီး ရှူးရှူးရှဲရှဲနဲ့ စားခဲ့ပါတယ်။
ဒီပန်းကန်ကတော့ ကျွန်မရဲ့ မုန့်ဟင်းခါးပန်းကန်(အရွက်တွေကြီးပဲချထားပေးတာ ၁၀ မျိုးလောက်ရှိတယ်။ ကျွန်မက အသီးအရွက်အကြိုက်ဆိုတော့ ကောင်းမှကောင်းပဲ။)


သင်္ဘောသီးထောင်း
(ဂဏန်းနဲ့ထောင်းတာ မှာလိုက်တယ်။)


ကြာဇံသုပ်


ကြက်ခြေထောက်သုပ်


ကောက်ညင်းပေါင်း စီးစီးလေး




သရက်သီးသုပ် (ပါဆယ်ဆွဲခဲ့တာ။ အိမ်ရောက်မှ စားတာ)
ဒါတွေစားပြီးတော့ ယောကျာ်းနှစ်ယောက်က မတင်းတိမ်နိုင်သေးပါ။ သူတို့နှစ်ယောက်တော့ ကွေ့သယိုနဲ့ ဘီယာတို့ကို အစားပိတ်အနေဖြင့် စားပြီးမှ ပြန်လာခဲ့ပါတော့တယ်။(ဓာတ်ပုံတော့ရိုက်လိုက်တော့ဘူး) ကျွန်မနဲ့အစ်မကတော့ ထပ်မစားနိုင်တော့ဘဲ ဒီအတိုင်းသူတို့ ဘေးမှာထိုင်ပြီး ပြန်လာခဲ့ပါကြောင်း။

ကဲ သုံးဆောင်သွားကြပါအုံးလား။


မိုးကောင်းသူတို့မှာစားသမျှကလဲ အချဉ်အစပ်ကြီးပဲမို့ မနေ့ညတညလုံးတော့ ကျွန်မရဲ့ဗိုက်ထဲမှာ ဗြောင်းဆံနေပါကြောင်း။ :)

5 comments:

နွေးနေခြည် said...

အမရေ ညီမလည်း golden mile ရောက်ရင် စားချင်တာ ၀ယ်ချင်တာတွေကို စုံလို့ ..
ညီမလည်း ရေးထားတယ် ဒီမှာ
http://nwaynaychi.blogspot.com/2009/02/blog-post_20.html
(ကြော်ငြာဝင်တာ ဟီးးး ဟီးးး )

နွေးနေခြည် said...

အမရေ အမ စားခဲ့တာ ဘယ်ဆိုင်လည်းဟင်?

subuueain said...

မကြွားနဲ့ နော် သွားချင်နေတာ။ စာမေးပွဲပြီးမှ သွားမယ်လုပ်ထားတာ။ သွားချင်စရာ စားချင်စရာကြီး

မိုးကောင်းသူ said...

>>>သိတယ် သိတယ် ညီမလေးရေ။ ညီမလေးနွေးနေခြည်ရဲ့ ထိုင်းမုန့်ဟင်းခါးကို မြင်ပြီးကတည်းက စားချင်နေတာ။ သုံးဆိုင်ပြောင်းပြီး စားခဲ့တာ။ ဆိုင်နာမည်တွေတော့ မှတ်မိဘူး။ တရွာမပြောင်း သူကောင်းမဖြစ်...အဲဟုတ်ပါဘူး တစ်ဆိုင်တည်းစားရင် ထိုင်းအရသာကို မသိမှာစိုးလို့။ ဟဲဟဲ ခုထိတော့ ဗိုက်ဗိုက်မကောင်းသေးပါ။

>>>ကြွားရပါဘူး စုဘူးလေးရယ်။ ဟဲဟဲ စုဘူးလေးကိုတောင်စားရင်းနဲ့ သတိရတယ်။ သိလား။

Phyo Evergreen said...

ကောက်ညှင်းပေါင်းနဲ့ သင်္ဘောသီးထောင်းလေးဆွဲသွားတယ်.. ။