အိမ်ကပို့လိုက်သော ငါးရံခြောက်ကိုလဲ အမျိုးမျိုးလုပ်ပြီးစားနေရပါတယ်။ တခါလာ ငါးရံခြောက်ဆီဆမ်း တခါလာ ငါးရံခြောက်ဆီဆမ်းဆိုလဲဖြစ်သေးဘူးလေ။ ဒီနေ့တော့ ငါးရံကိုထောင်းပြီး ခရမ်းချဉ်သီးလေးနဲ့ကြက်သွန်နီရောပြီး အချိုချက်လေးချက်လိုက်ပါတယ်။
ငါးရံခြောက်ထောင်းအချိုချက်လေး သုံးဆောင်သွားပါအုံးလား။ ဒီနေ့တော့ ပဲဟင်းနဲ့တွဲပြီးစားမည်။
လိုအပ်သောအရာ
ငါးရံခြောက် လက်နှစ်တစ် ၂ ပြား
ကြက်သွန်နီ ၁ လုံးကြီးကြီး (ဧရာမအကြီးစားကြီးကို ပြောတာဟုတ်ဘူးနော်။ ဒီမှာက ဧရာမအကြီးစားကြီးတွေလဲရှိတော့ ပြောရသေးတယ်)
ခရမ်းချဉ်သီး ၁ လုံးကြီးကြီး
ကြက်သွန်ဖြူ ၃ တက်
ဆီ
ငါးရံခြောက်ထောင်းချက်ပုံ
အရင်ဆုံး ငါးရံခြောက်ကို နာရီဝက်လောက်ရေစိမ်ထားပါ။ ပြီးထောင်းပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူလဲထောင်းပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီကျက်လာရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီးနီလာအောင်ကြော်ပေးပါ။ ပြီး ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးများအိသွားအောင်အထိထားပေးပါ။ ခရမ်းချဉ်သီးများအိသွားရင်တော့ ထောင်းထားတဲ့ ငါးရံခြောက်ကိုထည့်၊ အချို့မှုန့်ထည့်၊ ရေနွေးနည်းနည်းထည့်ပြီးတည်ထားပေးပါ။ ဆီပြန်လာမှမီးဖိုပေါ်ကချ ပြီးစားသုံးနိုင်ပါပြီ။
(ဆားကိုတော့ လိုအပ်မှထည့်လိုက်တော့နော်။ တော်နေ ဆားထည့်လို့ငန်သွားမှာစိုးလို့ပါ)
ကဲ ငါးရံခြောက်ထောင်းအချိုချက်လေး သုံးဆောင်သွားပါအုံးလား။
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
4 months ago
2 comments:
ဖတ်ရင်း ငါးရံ့ခြောက်နံ့ရသလိုလို
ကံကောင်းလိုက်တာ။ အိမ်ကပို့ တဲ့ငါးရံ့ခြောက်တဲ့။
Post a Comment