ဒီနေ့ညနေတော့ မိုးကောင်းတိုပူးသုပ်လုပ်စားလိုက်တယ်။ ပုံရည်ကြီးထမင်းသုပ်ပဲ ညနေစာပါ ဆက်သုပ်ပေးရင်ပြောတော့ မည်။ ဒီတော့ တမျိုးတဖုံပြောင်းလုပ်ရသည်။ မနေ့ကကျိုတဲ့ တိုပူးတုံးလဲကျန်သေးတယ်ဆိုတော့ အလွယ်တူတကူ တိုပူးသုပ်လုပ်စားဖြစ်သွားတာပါ။ ကျန်ရဖန်ရ အိမ်ရှင်မဘ၀ ။ ဟဲဟဲ
မြီးရှည်နဲ့ မိုးကောင်းတိုပူးသုပ်ပါရှင်။
သူတပွဲ ကိုယ်တပွဲ
လိုအပ်သောအရာ
တိုပူးတုံး
မြီးရှည် (နန်းကြီိးဖတ်ကိုလုပ်လဲရပါတယ်။ ဒီမှာတော့ Laksa ဆိုပြီးဝယ်ခဲ့တာပါ)
မက်လင်ဖတ်ခြောက် ၇ ဖတ်ရေနွေးနဲ့စိမ်(သို့) ရှာလကာရည်
မြေပဲဆံထောင်း
ဗမာနံနံ ကိုပါးပါးလှီး
ကြက်သွန်ဖြူ ၂ တက်ကိုထောင်း
ကြက်သွန်နီကြော်
ကြာညို့ (နောက်တမျိုးခေါ်တာ ပဲငံပြာရည်အနှောက်လို့ခေါ်လားမသိဘူး)
စောကော ဆီချက်
ငရုတ်သီးလှော်ထောင်း
တိုးပူးသုပ်ပုံ
သုပ်မယ့်ပန်းကန်ထဲသို့ မြီးရှည်ထည့်၊ တိုပူးတုံးကို ပါးပါးလှီးထည့်၊ မက်လင်ခြောက်ဖတ်အချဉ်ရည်ထည့်၊ ပါးပါးလှီးထားသော နံနံပင်ထည့်၊ ထောင်းထားသော ကြက်သွန်ဖြူထည့်၊ မြေပဲဆံထောင်းထည့်၊ ကြာညို့ထည့်၊ စောကောဆီချက်ထည့်၊ ကြက်သွန်နီကြော်ထည့်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးလှော်ထောင်းထည့်ပြီး နယ်စားပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့ မိုးကောင်းတိုပူးသုပ်ပါ။ သုံးဆောင်သွားပါအုံးလား။
(ဆိုင်တွေမှာတော့ နံနံပင်နဲ့ကြက်သွန်ဖြူကို ရေဖျော်ထားတတ်တယ်။ ဘာလို့လဲတော့မသိပါ။ ကျွန်မကတော့ တခါတည်းသုပ်စားတာဆိုတော့ ရေမဖျော်ဘဲ တခါတည်းသုပ်စားလိုက်ပါတယ်။ မိမိစိတ်ကြိုက်သုပ်စားနိုင်ပါတယ်)
အလှ
-
မနက်အာရုံဦးအလှ
မနက်က ၃:၃၀ ထပြီး တောင်တက်ဖို့ ပြင်ဆင်တယ်။
အိမ်အနီးအနားကတောင်ဖြစ်လို့ ၄:၃၅ မှာ ရောက်တယ်။
မနက်က သိပ်လှတယ်နော်၊
လွမ်းကြောင်း သတိရကြောင်...
5 months ago
6 comments:
No tengo ni idea que diga... pero se ve... delicioso !!!!!
Muchas gracias. ကျေးဇူးတင်ပါတယ်ရှင်။
ပဲရွက်လေး ထည့်ရင် ပိုကောင်းတယ်နော်....
>>>broken heart
ဟုတ်ပ ဟုတ်ပ
တိုဖူးလုပ်နည်းလေး သိချင်ပါတယ် ကျေးဇူးပါ
တိုဖူးလုပ်နည်းလေး မျှဝေပေးပါလား ကျေးဇူးပါ
Post a Comment