Thursday, March 19, 2009

ပုဇွန်ငါးပိချက်



ဟောဒီက ပုဇွန်ငါးပိချက်လေး သုံးဆောင်သွားပါအုံးလား။


လိုအပ်သောအရာ

ပုဇွန်
ကြက်သွန်နီ ၂ လုံး
ခရမ်းချဉ်သီး ၂ လုံး
ငရုတ်သီးစိမ်း ၅ တောင့်
ဗမာနံနံ
ငါးပိ


ချက်ပုံ

ပုဇွန်ကို အခွံခွာရေဆေးပြီး ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်နည်းနည်းနဲ့နယ်ထားပါ။ အခွံကလေးနဲ့ကြိုက်လဲ မခွံမခွာပဲချက်စားလို့ရပါတယ်နော်။ ကြက်သွန်နီကိုတောက်တောက်စင်း၊ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ချက်မယ့်အိုးထဲသို့ ဆီထည့်ပါ။ ဆီကျက်လာရင် တောက်တောက်စင်းထားသော ကြက်သွန်နီကို အရင်နီလာအောင်ကြော်ပေးပါ။ ကြက်သွန်များနီလာရင် ခရမ်းချဉ်သီးကိုထည့်ပါ။ ဆီပြန်လာခါနီး အရောင်တင်မှုန့်ထည့်၊ ငါးပိနည်းနည်းထည့်၊ နယ်ထားတဲ့ပုဇွန်ထည့်ပြီးဆီပြန်အောင်တည်ထားပါ။ ပုဇွန်ငါးပိချက်လေး ချခါနီးပြီဆိုရင်တော့ ငရုတ်သီးစိတ်ကို ပါးပါးလှီးထည့်၊ နံနံပင်ထည့်ပြီး စားလို့ရပါပြီ။ အနံများမွှေးကြိုင်လာပြီဆိုရင်တော့ ပုဇွန်ငါးပိချက်လေးရပါပြီ။ သုံးဆောင်သွားပါအုံးလား။

3 comments:

နွေးနေခြည် said...

မမရေ ဖတ်မှတ်သွားပါတယ်

ဒီကပုစွန်အသားက မာသလိုပဲနော်...နုညံ့တဲ့ အသားမျိုး ရှာဝယ်လို့ရလားဟင်
မြန်မာ ပုစွန်သားဆို အရမ်းနုညံ့တာပဲ...

Phyo Evergreen said...

ကြည့်ရုံနဲ့စားချင်လိုက်တာ...
ဟင်း..စားချင်တယ်..စားချင်တယ်
တကယ်ကောင်းမဲ့ပုံဘဲ

ဘုန်းမြင့်သူ said...

ပုဇွန် အကောင်တွေ တော်တော်များတာပဲ။ ဒီဟင်းချက်နည်းက တော်တော်လွယ်တာပဲ။ ကျွန်တော် မိန်းမ ရရင် အဲဒီ ဟင်းချက်နည်းကို ပြန်ကြည့်ပီး ချက်ကျွေးလိုက်အုံးမယ်။