Friday, March 20, 2009

ဝက်သားနဲ့ကြာစွယ်ချက်



ဟောဒီက ၀က်သားနဲ့ကြာစွယ်ဟင်း သုံးဆောင်သွားပါအုံးလား။


လိုအပ်သောအရာ

ဝက်သား
ကြာစွယ်
ကြက်သွန်နီသေး ၅ လုံး
ကြက်သွန်ဖြူ ၃ တက်ထောင်း
ဂျင်း လက်တစ်ဆစ်ထောင်း
ကြာညို့
စောကောမှုန့်


ချက်ပုံ

ဝက်သားကို မိမိစိတ်ကြိုက်တုံးပြီးရေဆေးပါ။ ပြီးရင် ၀က်သားကို ထောင်းထားသောဂျင်းရည်ထည့်၊ ဆား၊ အချိုမှုန့်၊ စောကောမှုန့်နဲ့ရောပြီးနယ်ထားပါ။ ကြာစွယ်ကို အခွံနွှာထားပြီး အတုံးတုံးထားပါ။ ကြက်သွန်နီဥသေးကိုလဲ အခွံနွှာထားပါ။ ချက်မယ့်အိုးထဲသို့ဆီနည်းနည်းထည့်ပါ။ ဆီကျက်လာရင် နယ်ထားသောဝက်သားကို အရင်ဆုံးကြော်ပေးပါ။ နီလာအောင်အထိကြော်ပေးပါ။ ၀က်သားများနီလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်၊ ကြာညို့ထည့်၊ ရေနွေးထည့်ပြီး နူးအိနေအောင် တည်ထားပေးပါ။ ၀က်သားများရေနည်းနည်းပဲကျန်တော့ရင် ကြာစွယ်နဲ့ ကြက်သွန်နီဥသေးများကိုထည့်ပေးပါ။ ကြာစွယ်ကို ရေခမ်းခါနည်းမှထည့်ရတာက ခဏလေးနဲ့ကျက်တာမို့လို့ပါ။ ကြက်သွန်နီဥသေးသေးဆိုတော့ အစောကတည်းကထည့်ထားရင် အလုံးပျက်သွားမှာစိုးလို့ပါ။ (၀က်သား၊ ကြာစွယ်၊ ကြက်သွန်နီတို့ကို တခါတည်းအစောကတည်းကထည့်ချင်သပါ့ ဆိုလဲ ထည့်နိုင်ပါတယ်နော်။)အနံများမွှေးလာပြီး ဆီပြန်လာရင်တော့ ၀က်သား ကြာစွယ်ချက်ရပါပြီ။ ဆီပြန်လို့တာပြောရတယ် ဆီကမမြင်ရဘူးနော်။ ဆီကိုနည်းနည်းပဲထည့်ထားလို့ပါ။ ကဲ အားမနာတမ်းသုံးဆောင်သွားပါအုံးလား။


(အိမ်မှာတော့ ကြာစွယ်ကို ထန်းညက်နဲ့ယိုလဲထိုးစားပါတယ်။)

4 comments:

yehtutnaung said...

ဝက်သားနဲ့  ကြာဇံချက် ထင်ပြီး အပြေးလာလိုက်တာ..။
ပြေးရင်းနဲ့ တော့ စဉ်းစားမိတယ် (၀က်သားနဲ့ ကြာဇံ ဘယ်လို ချက်တာလဲ ဆိုတာ).. ဒီရောက်မှ သိတယ်။ ဒါနဲ့  မထူးပါဘူးဆိုပြီး ကြိတ်သွားပါတယ်။
ကြိတ် = စား

ဘုန်းမြင့်သူ said...

ကျွန်တော်က ကြာစွယ် ကြိုက်တယ်။ မာမီကိုတောင် အမ ချက်ပုံချက်နည်းလေးတွေ ခေါ်ပြဖြစ်သေးတယ်။ မာမီက သဘောကျနေတာလေ။ ကြာစွယ်ကိုတော့ ကြက်ပေါင်းရည်ထဲတို့။ နှမ်းနဲ့ ပဲငံပြာရည်အနောက်တို့နဲ့လည်း ကြိုက်တာပဲ။ စားသွားတယ် အမရေ။ :)

Phyo Evergreen said...

ဝက်သားတုံးကြီး လက်သီးဆုပ် သဏ္လာန်...

မိုးကောင်းသူ said...

>>>နေညိုရင့်ရေ..... ကြာဇံဟင်းခါးကို ၀က်သားနဲ့ချက်စားလဲရပါတယ်။ အစ်မသူငယ်ချင်းတစ်ယောက်အိမ်ဆို ၀က်သားနဲ့ကြာဇံဟင်းခါးချက်တယ်။
>>>မောင်လေး ဘုန်းမြင့်သူရေ..........မောင်လေးမာမီက ရီနေပါအုံးမယ်လေ။
>>>Phyo Evergreen ရေ........... လှောင်တာလားလေ။ ၀က်သားကို သေးသေးတုံးထားတာက မြန်မြန်နူးအောင်ပါ။